ကြိုတင်သတိထားစရာ
-လေပြင်းတိုက်တဲ့အခါ ဓာတ်တိုင်တွေပြိုလဲ၊ မီးလောင်၊ ဖုန်းလိုင်းတွေပြတ်နိုင်။
-ပင်လယ်ဒီရေတက်၊ မြစ်ရေကြီး၊ ဆည်ရေလှောင်တမံကျိုးနိုင်။
-တောင်ပြို၊ မြေပြို၊ သစ်ပင်လဲ၊
အဆောက်အဦတွေ ပြိုကျပျက်စီးနိုင်။
-လမ်းတွေပျက်စီးရေမြုပ်၊ ကားရထား၊ သင်္ဘော လေယာဉ်ခရီးတွေ ရပ်နိုင်။
-မီးလိုင်းရေလိုင်း ဖုန်းလိုင်းတွေ ပြတ်နိုင်။
-ကောလာဟလပျံ့နှံ့၊ လုယက်ခိုးဆိုးနှိုက်၊ ရုန်းရင်းဆန်ခတ်ဖြစ်နိုင်။ အစာရိက္ခာ ပြတ်လတ်နိုင်။
-အအေးမိ၊ ဖျားနာ၊ ရေကတဆင့်ကူးစက်ရောဂါဖြစ်နိုင်။
-ကိုယ်စိတ်ပင်ပန်း၊ အိပ်ပျက်စားပျက် ဖြစ်နိုင်။
မုန်တိုင်းအတွင်း သတိထားပြင်ဆင်သင့်တာတွေ
-အားပြည့်အောင် စားသောက်သင့်။ အခြေအနေပေးတိုင်း လဲလျောင်း အိပ်စက်အနားယူသင့်။
-ရေဒီယို၊ မီးခြစ်၊ ဓာတ်မီး၊ ဘက်ထရီ၊ ဓာတ်ခဲ၊ ရေလုံအိတ်၊ အရေးပေါ်ဆေးအိတ်၊ ဂျာကင်၊ မိုးကာ၊ထီး၊ ဦးထုပ်၊ သောက်ရေ၊ စည်သွပ်ဘူး၊ ဘီစကစ်၊ ခေါက်ဆွဲခြောက်၊ ဖျားနာသောက် ဆေးဝါးတွေ ဆောင်ထားသင့်။
-ကိုယ့်သွေးအမျိုးအစား။ ဆေးမတည့် Allergies ရှိရင် ဖေါ်ပြထားတဲ့ ကတ်ပြား၊ ID ကတ်၊ မှတ်ပုံတင်၊ ပတ်စ်ပို့၊ မြေပုံ ဆောင်ထားပါ။
-ရှေးဦသူနာပြုစုနည်းကို လေ့လာထားသင့်။
-ဘက်ထရီချွေတာပြီး ဖုန်းကို အမြဲဖွင့်မထားသင့်။
-အပိုဘက်ထရီဆောင် GPS location service ဖွင့်ထားသင့်။
-အရေးပေါ်၊ ကြက်ခြေနီ၊ မီးသတ်၊ ဆေးရုံဆေးခန်း ဖုန်းနံပါတ်တွေမှတ်ထားသင့်။၊
-အုပ်စုဖွဲ့သွားလာ မိသားစုနှင့် အဆက်မပြတ်သင့်။
အရေးပေါ်ထွက်ပေါက်လမ်းကြောင်း ကြိုတင်လေ့လာထားသင့်။
-ယာယီခိုလှုံစရာနေရာကုန်းမြင့်နေရာ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနေရာများ မှတ်ထားသင့်။
-ရေဒီယို တီဗွီမှတဆင့် မုန်တိုင်းအကြောင်းနားစွင့်ထားသင့်။ မျက်စိဖွင့် နားစွင့် သတိရှိနေထိုင်သင့်။