Home
နိုင်ငံတကာ
အိန္ဒိယတွင် ဆိုင်ကလုန်းမုန်တိုင်းကြောင့် အနည်းဆုံး လူ ၁၃ ဦးသေဆုံး
DVB
·
December 6, 2023
Cyclone Michaung made landfall in Nellore

ဆိုင်ကလုန်းမုန်တိုင်း မိကျောင်းဟာ အိန္ဒိယနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းကို ဒီဇင်ဘာ ၅ ရက်က ဝင်ရောက်ခဲ့ပြီး လေပြင်းတွေ တိုက်ခတ်ခဲ့တာကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာကနေ ရေကြီးရေလျှံမှုလည်း ဖြစ်ပေါ်ခဲ့လို့ အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ပါတယ်။

ပျက်စီးဆုံးရှုံးမှုတွေကိုလည်း တာဝန်ရှိသူတွေက အကဲဖြတ်နေကြပါတယ်။ 

လေတိုက်နှုန်းက တနာရီကို ၁၁၀ ကီလိုမီတာအထိ ရောက်ရှိခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ မနေ့ညနေပိုင်းမှာ အားပျော့သွားပြီး နာရီများစွာကြာအောင် အဲဒီအနေအထားအတိုင်း ဆက်လက်အားကောင်းခဲ့ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်တဲ့ အန်ဒရာ ပရာဒက်ရှ် ပြည်နယ်ဟာ နောက် ၂၄ နာရီအတွင်း မိုးရေချိန် ၂၀၀ မီလီမီတာအထိ ရွာသွန်းနိုင်ပါတယ်။

မုန်တိုင်း နီးကပ်လာချိန်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ပြီးခဲ့တဲ့ ၂ ရက်အတွင်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုတွေလည်း ပြတ်တောက်ခဲ့ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းဟာ မြောက်ဘက်ကို ဖြတ်ကျော်ဝင်ရောက်လာတာကြောင့် အနည်းဆုံး ရွာပေါင်း ၂၅ ရွာလောက် ရေနစ်မြုပ်ခဲ့ပြီး သစ်ပင်တွေလည်း အမြစ်တွေ ကျွတ်ထွက်ကုန်ပါတယ်။

မြေပြိုမှုမတိုင်ခင်လေးမှာ လူပေါင်း ၁၅,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ကြောင်း အန်ဒရာ ပရာဒက်ရှ် အစိုးရက ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း ချဉ်းကပ်လာချိန်မှာ မြင့်မားတဲ့ လှိုင်းလုံးကြီးတွေက တောင်ပိုင်းကမ်းရိုးတန်းမြို့တွေကို ရိုက်ခတ်ခဲ့ပါတယ်။

ရွာလုံးကျွတ် ရေနစ်မြုပ်နေပြီး လမ်းပန်းဆက်သွယ်ရေး အားလုံးကို ရပ်ဆိုင်းထားရတာကြောင့် အဲဒီဖြစ်ရပ်တွေရဲ့ သက်ရောက်မှုကို လူပေါင်း ၃၉၀၀၀၀ ကျော် ခံစားခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၄ နှစ်အရွယ် ကလေးငယ်တဦးလည်း ပါဝင်ပါတယ်။

အန်ဒရာ ပရာဒက်ရှ် ပြည်နယ်အတွင်း ရထားပေါင်း ၁၄၀ ကျော်နဲ့ လေကြောင်းခရီးစဉ် ၄၀ ကျော်ကို ဖျက်သိမ်းခဲ့ရပြီး လာမယ့် ၂၄ နာရီအတွင်း ပြည်နယ်မှာ မိုးရေချိန် ၈ လက်မအထိ ရွာသွန်းနိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024