မြန်မာ-ထိုင်းနယ်စပ်၊ မဲဆောက်မြို့နယ်၊ မယ်တော်တိုက်နယ်မှာဖွင့်လှစ်ထားတဲ့ ဒေါက်တာစင်သီယာမောင်ဆေးခန်းမှာ ကိုဗစ်-၁၉ ရောဂါ ကွယ်ဆေး အခမဲ့ထိုးပေးနေပြီဖြစ်ပါတယ်။
မယ်တော်ဆေးခန်းမှာ မတ်လ ၁၈ ရက်ကစပြီး ဗုဒ္ဓဟူးနဲ့ သောကြာနေ့တွေမှာ တပတ်ကို နှစ်ရက် ထိုးပေးသွားမှာ ဖြစ်ပြီး ပထမအကြိမ်၊ ဒုတိယအကြိမ်နဲ့ တတိယအကြိမ်မြောက်ထိုးတဲ့သူအားလုံးကို လက်ခံထိုးပေးနေပြီလို့ ဆေးခန်းကနေ သိရပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတွေအားလုံး ထိုးသင့်ကြောင်း ဆေးခန်းမှာ တာဝန်ကျတဲ့ ဆရာဝန်တဦးက ပြောပါတယ်။
ဒီကနေ့ မတ်လ ၁၈ ရက်မှာတော့ မယ်တော်ဆေးခန်းမှ ကိုဗင်-၁၉ ကာကွယ်ဆေး လာရောက်ထိုးတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀ လောက်ရှိပါတယ်။