မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်၊ ၄၁ လမ်း၊ ကမ်းနားလမ်း ကုန်စိမ်းဈေးမှာ မတ်လ ၁၇ ရက် ညနေ ၅ နာရီကျော်က သေနတ်ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။
ဈေးအတွင်းရှိ အများသုံးသန့်စင်ခန်းရှေ့မှာ ပစ်ခတ်မှုဖြစ်ခဲ့ကာ ဦးကျော်သန်းမိုးနဲ့ မနွေးနုနုနိုင်တို့ ၂ ဦး ကျည်မှန်ပြီး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
သံလျက်မှော်အနောက်ရပ်ကွက်နေ ပြည်သူတဦးက “အစက တယောက်ပဲ ပစ်ခံရတာလို့ကြားတာ။ ပြီးမှ ကောင်မလေး တယောက်ပါ မှန်သွားတယ်လို့ သိရတာ။ ကျော်သန်းမိုးကို ပစ်ရင်းနဲ့ ဘေးကလူ ထိသွားတာလား မသိဘူး။ ကျော်သန်းမိုးကတော့ လောင်းကစားသမား။ ပစ်တာက ဘယ်သူတွေလည်းတော့ မသိဘူး” လို့ ပြောပါတယ်။
သေနတ်ပစ်ခံရတဲ့အတွက် ဦးကျော်သန်းမိုးမှာ လည်ပင်း၊ ရင်အုံနဲ့ လက်မောင်းမှာ ကျည်ဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးသွားပြီး မနွေးနုနုနိုင်ကတော့ ခါးနဲ့ကျောကျည်ဖောက်ဝင်ဒဏ်ရာတို့ရခဲ့ကာ စိုးရိမ်ရတယ်လို့ သိရပါတယ်။