ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့က EPC လျှပ်စစ် ရုံးမှာ မတ် ၁၂ ရက် နေ့လယ် ၃ နာရီ ၄၀ လောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ပေါက်ကွဲသံ အကျယ်ကြီး ထွက်ပေါ်ပြီးနောက် သေနတ်ပစ်ဖောက်သံတွေ ဆက်တိုက်ကြား ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးထိခိုက်မှု အခြေအနေနဲ့ ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာကိုတော့ အတည်ပြုနေဆဲ ဖြစ်ပါတယ်။
အောင်ပန်းလျှပ်စစ်ရုံး ဗုံးခွဲတိုက်ခိုက်ခံရတာ အခု တစ်ကြိမ်နဲ့ ဆို ၂ ကြိမ်ရှိပြီဖြစ်ပါတယ်။ မနေ့ကတော့ အဲဒီရုံးက ဝန်ထမ်းတချို့ လျှပ်စစ်မီတာခ မပေးဆောင်တဲ့ အိမ်တွေကို မီး လိုက်ဖြတ်ခဲ့ပါတယ်။