Home
မြန်မာသတင်း
ရွှေညောင်ရဲစခန်းကို ချိုးဖြူပြောက်ကျားတပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက် ရဲ ၂ ဦးဒဏ်ရာရ
DVB
·
March 11, 2022
275148126_1159786338090554_5327428825174809844_n

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့ နယ်မြေရဲစခန်းကို မတ်လ ၈ ရက်၊ နေ့လယ်က ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) က ဗုံးခွဲတိုက်ခိုက်ခဲ့ရာမှာ  ရဲ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ JPGF က ထုတ်ပြန်ထားပါတယ်။

ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) ကို မတ်လ ၇ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး စတင်ဖွဲ့စည်းတဲ့နေ့မှာပဲ ပင်းတယမြို့ရှိ ကြံ့ခိုင်ရေးရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့တာပါ။

JPGF အနေနဲ့ "ဝုန်းဒိုင်း" စစ်ဆင်ရေးအမည်နဲ့ ဟဲဟိုးမြို့အတွင်းရှိ နယ်မြေရဲစခန်းနဲ့ လျှပ်စစ်မီတာရုံးအတွင်း ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဗုံးခွဲတိုက်ခိုက်တာတွေ အပါအဝင် စစ်ဆင်ရေး ၆ ကြိမ်ခန့် ပြုလုပ်ခဲ့သလို စစ်ကောင်စီနဲ့ ဆက်နွှယ်တဲ့ နေရာဌာနတွေ၊ ဒလန်တွေ၊ ပျူစောထီးတွေနဲ့ သူတို့ရဲ့ ထောက်တိုင်တွေကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမယ်လို့ သတိပေး ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024