ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်မြောက်ရွာက CDM ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူမြင့်ကို မတ် ၈ ရက် မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
ပလိုင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ဆရာမကြီးကို လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
“ဆရာမကြီးက အသက်လည်း ၅၀ လောက်ရှိပြီဗျ။ အစောပိုင်းက ကြံ့ခိုင်ရေး ထောက်ခံသူတဦးပါ။ သူက စစ်တပ်အာဏာသိမ်းတာကို မကြိုက်လို့ ဆန္ဒပြပွဲတွေမှာ တက်ကြွစွာပါဝင်ခဲ့ဖူးခဲ့တယ်။ နောက်ပိုင်းဝောာ့ ကောင်းရောင်းကောင်းဝယ်နဲ့ ငါးပိ၊ ငါးခြောက်တွေကို ဆိုင်ကယ်နဲ့ သယ်ယူပြီး ရောင်းနေတာပဲ။ အခုလို ဖမ်းခံရတော့ စိတ်ကိုမကောင်းဘူး” လို့ ရွာသားတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရွှေဘိုခရိုင်အတွင်း စစ်ကြောင်းထိုးရှာဖွေ ဖမ်းဆီးတာတွေ နေ့စဉ်မပျက် တရွာဝင်တရွာထွက် ပြုလုပ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။