ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကျောက်ဆည်ကန်တိုက်ပွဲအတွင်း မတ် ၆ ရက်နေ့က ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်သား ၂ ဦးအား ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် (၁) တပ်ရင်းက ဆေးဝါးကုသပေးပြီး ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP) ကို သွား ရောက်အပ်နှံခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီ လက်နက်တချို့ (MA1, MA2, MA4, MA Sinper) တို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ KNDF-B01 ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒီးမော့ဆိုမြို့နယ်အတွင်းကို လေကြောင်းပစ်ကူ လက်နက်ကြီးနဲ့ တင့်ကားတွေသုံးကာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ ရက်ပေါင်း ၂၀ ကျော်ကြာမြင့်နေပြီဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိနေပါတယ်။
တိုက်ပွဲတွေကြောင့် ရှမ်း-ကယားပြည်နယ်စပ်မှာရှိတဲ့ ကျေးရွာပေါင်း ၃၀ ကျော်က ပြည်သူ သောင်းနဲ့ချီပြီး စစ်ဘေးတိမ်းရှောင်နေရပါတယ်။