Home
မြန်မာသတင်း
ပြည်ကြီးတံခွန်တွင် သန်းခေါင်အချိန် မီးလောင်၊ နေအိမ်နှင့် ကားများ ဆုံးရှုံး
DVB
·
March 7, 2022
275308897_1157180455017809_2394109637363903222_n
275159002_1157180441684477_1890942347443602273_n
275129638_1157180438351144_6892226034615838006_n

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှာ မတ်လ ၆ ရက် ည ၁၁ နာရီ ၄၃ မိနစ်လောက်က  (ဆ) ရပ်ကွက်၊ ရတနာလမ်း ၅၅×၅၆ လမ်းမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိသွားကာ နေအိမ်တစ်လုံး ၊ကားတစ်စီးနဲ့ ဆိုင်ကယ် ၃ စီး မီးလောင်ဆုံးရှုံး သွားတယ်လို့ ပရဟိတ အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

မီးလောင်မှုဖြစ်တဲ့ နေအိမ်ဟာ အရက်ဆိုင်နဲ့ တက်တူးထိုးဆိုင်တွဲဖွင့်ထားတာဖြစ်ပြီး တက်တူးထိုးဆိုင်ရှိ ကွန်ပြူတာအပူလွန်ကဲရာကနေ မီးလောင်မှုစတင်ဖြစ်တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူတွေကိုတော့ ရွှေမဉ္ဇူလူမှုကူညီရေးအသင်းက လန်ဒန်ဆေးရုံကို ပို့ဆောင်ပေးခဲ့ တယ်လို့ သိရပါတယ်။

Level 1 အဆင့် မီးလောင်ကျွမ်းတာဖြစ်ပြီး ည ၁၂ နာရီမှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024