Home
မြန်မာသတင်း
ဝက်လက်၌ တပတ်အတွင်း တာဝါတိုင် ၅ တိုင်ဖြိုချခံရ၊ လက်နက်ထုတ်လုပ်ရာတွင် အသုံးပြု
DVB
·
March 3, 2022
274857539_519347769612698_5551159948080158587_n

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ်မှာ တပတ်အတွင်း စစ်ကောင်စီရဲ့ မိုင်တဲလ်တာဝါတိုင် ၅ တိုင်ကို ဖြိုချခဲ့ပြီး လက်နက်ထုတ်လုပ်ရာမှာ အသုံးပြုနေတယ်လို့ ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့က‌ ပြောတယ်။

မတ် ၂ ရက်အထိ တပတ်အတွင်း ဝက်လက်မြို့နယ် အရှေ့ခြမ်းက ဟံလင်း၊ ဆားတောင်ကြီး၊ သောက်ရေကန်၊ သရိုင်၊ သစ်ဆိမ့်‌ကျေးရွာတွေက မိုင်တဲလ်တာဝါတိုင် ၅ တိုင်ကို မိုင်းတစ်လုံးမှ အသုံးမပြုဘဲ ဖြိုချဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

“တပတ်အတွင်း ကျနော်တို့ ဖြိုချတာ မိုင်တဲလ်တာဝါတိုင် ၅ တိုင်ရှိပါပြီ။ ရလာတဲ့ပစ္စည်းတွေကို မိုင်တဲ (၆၀) မမ အဝေးပစ်လက်နက်တွေထုတ်ပါတယ်။ အခုတိုင်တွေက ရလာတဲ့ သံတွေကို တခြားအဖွဲတွေကိုလည်း ဝေပေးပါတယ်” လို့ ဖောင်းဒိုင်းအဖွဲ့ဝင်တဦးက ဒီဗွီဘီကိုပြောပါတယ်။

ဒါ့အပြင် မိုင်တဲလ်တာဝါတိုင်ကနေရတဲ့ ကုန်ကြမ်းတွေကို နီးစပ်ရာ တော်လှန်ရေးအဖွဲ့တွေဆီ လက်နက်ခဲယမ်းထုတ်လုပ်ဖို့ မျှဝေပေးခဲ့တယ်လို့ ဆိုပါတယ်။ 

တော်လှန်ရေး အဖွဲ့အစည်းတွေအနေနဲ့ လက်နက်ခဲယမ်းထုတ်လုပ်ရာမှာ အသုံးပြုဖို့ လိုအပ်တဲ့ မိုင်တဲလ်တာဝါတိုင် ကုန်ကြမ်းတွေကို ဖောင်းဒိုင်းအဖွဲ့ဆီ လိုသလောက်ဆက်သွယ်မှာယူနိုင်တယ်လို့ ဖောင်းဒိုင်းအဖွဲ့ဝင်က ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013