Home
မြန်မာသတင်း
ကျောက်ပန်းတောင်းမြို့ လျှပ်စစ်ရုံးနှင့် စည်ပင်ရုံး ဗုံးခွဲတိုက်ခိုက်ခံရ
DVB
·
March 2, 2022
275117613_123886696882702_8588886870188917088_n

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် လျှပ်စစ်ရုံးနဲ့ စည်ပင်ရုံးကို မနေ့ည ၇ နာရီလောက်မှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ SPPDF အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
ကျောက်ပန်းတောင်းမြို့ လျှပ်စစ်ရုံးက Non-CDM ဝန်ထမ်းတွေအနေနဲ့ ပြည်သူလူထုဆီက လျှပ်စစ်မီတာခတွေ အတင်းအကျပ် ကောက်ခံနေသလို မီတာမဆောင်တဲ့ နေအိမ်တွေကို လျှပ်စစ်မီး ဖြတ်တောက်မယ်ဆိုပြီး ခြိမ်းခြောက်နေတာကြောင့် သတိပေးတဲ့အနေနဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒ့ါအပြင် မြို့နယ်စည်ပင်ရုံးဟာလည်း ပြည်သူဆီကနေ အခွန်အခတွေ မတရားကောက်ခံပြီး စစ်ကောင်စီကို ဝင်ငွေရှာပေးနေတာကြောင့် လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
ကျောက်ပန်းတောင်းမြို့နယ် EPC ရုံးကို ပြီးခဲ့တဲ့ ၁၀ ရက်လောက်ကလည်း ပေါက်မြို့နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SPPDF) က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
SPPDF အနေနဲ့ ရှေ့ဆက်ပြီးတော့ စစ်ကောင်စီတပ်တွေ အပါအဝင် သူတို့နဲ့ဆက်နွှယ်တဲ့နေရာတွေ၊ ဌာနတွေကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမှာဖြစ်လို့ စစ်ကောင်စီရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ Non-CDM ဝန်ထမ်းတွေအနေနဲ့ ပြည်သူ့ရင်ခွင်ကို အမြန်ဆုံး ခိုလှုံကြဖို့ တိုက်တွန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024