စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့ပေါ်က စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၃ နာရီခွဲလောက် အဝေးပစ်ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သပြေညိုပြောက်ကြားအဖွဲ့ဆီက သိရပါတယ်။
ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတဲ့ စစ်ကောင်စီတပ်စခန်းဟာ အရာတော်မြို့နယ်အခြေစိုက် အမတ - ၃၉၆ အမြှောက်တပ်စခန်းလို့လည်း သိရပါတယ်။
သပြေညိုပြောက်ကြားတပ်ဖွဲတာဝန်ရှိသူတစ်ဦးက “ကျနော်တို့ ၇၀ မမတစ်လုံးရယ်၊ ရှော့ဒုံးတစ်လုံးရယ် စုစုပေါင်း ၂ လုံးပစ်ခတ်ခဲ့တယ်။ စစ်ကောင်စီက အသေအပျောက်ကတော့ ကျနော်တို့ စုံစမ်းနေဆဲပဲဗျ။ ကျနော်တို့ဘက်ကတော့ အကျဆုံးမရှိခဲ့ဘူး။ အခုလိုပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ၂ ငါးလုံး အရေးတော်ပုံတစ်နှစ်ပြည့်တဲ့နေ့မှာ သူတို့ရဲ့တပ်အတွင်းမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့မနေရဘူးဆိုတာ သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ရတာ” လို့ ဒီဗွီဘီကို အတည်ပြုပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Ayardaw Falcon Force(AF2)၊ Ayadaw Bone Naing-PDF(A.B.N.PDF)၊ ပတ္တမြားညီနောင် ပြောက်ကြားတပ်ဖွဲ့ ၊ People’s GuerrillasCommando-Myinmu(PGC)၊ Myin Mu Lightning Guerrilla Forceတို့ကဦးဆောင်ခဲပြီးKnights Of The Red Land (KORL) ပျောက်ကြားတပ်ဖွဲ့၊ M.R.T.Fတပ်ဖွဲ့နဲ့ The Guys Of Burma Revolution Force(GBRF) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။