စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ မံကပ်ကျေးရွာအုပ်စု ကော်တာရွာအနီး ခမ်းပတ်တောင်မှာရှိတဲ့ ရွှေလုပ်ကွက်တစ်ခုမှာ လူ ၂၅ ယောက်လောက်ပါတဲ့အဖွဲ့တစ်ဖွဲ့က ဓားပြတိုက်သွားတယ်လို့ ရွှေမျောလုပ်ကိုင်သူတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်မနက် ၃ နာရီဝန်းကျင်လောက်က အေးငြိမ်းဓန ရွှေလုပ်ကွက်မှာ ဓားပြတိုက်သွားတာဖြစ်ကာ ရွှေပါတဲ့ ကျောက်အိတ် ၂၀ ကျော်နဲ့တခြား ပစ္စည်းတွေလည်း ယူဆောင်သွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ရွှေလုပ်ကွက်ထဲမှာ အခုလို ဓားပြတိုက်ခံရတာဟာ ၂ ကြိမ်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း ရွှေမျောတစ်ခု ဓားပြတိုက်ခံရလို့ တော်တော်လေး ပါသွားတယ်လို့လည်း ရွှေမျော လုပ်ကိုင်နေသူတွေက ပြောပါတယ်။