Home
မြန်မာသတင်း
ပေါင်းတည်တွင် စစ်ကောင်စီတပ်က တပ်ကြပ် ၁ ဦး ပစ်သတ်ခံရ
DVB
·
February 23, 2022
PPDF

ပဲခူးတိုင်း ပေါင်းတည်မြို့နယ်မှာ ဖေဖော်ဝါရီ ၂၂ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က တပ်ကြပ် တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ပေါင်းတည် PDF က ပြောပါတယ်။

ပေါင်းတည်မြို့နယ်အခြေစိုက် တပ်မ (၆၆) ဆက်သွယ်ရေးဌာနက တပ်ကြပ်ဇော်မိုးကို မနေ့ ညနေ ၅ နာရီခွဲလောက်မှာ သေနတ်နဲ့ ပစ်ခတ်သုတ်သင်လိုက်တယ်လို့ ​ပေါင်းတည် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီ တပ်ကြပ်ဇော်မိုးဟာ ပေါင်းတည်မြို့က ပြန်လာတာဖြစ်ပြီး ဝက်ပုတ်မြို့အလွန် သစ်ချိုဘုန်းကြီးကျောင်းနားမှာ ၂ ခြောက်လုံး သပိတ်အမှတ်တရအနေနဲ့ ပေါင်းတည်PDF က သေနတ်နဲ့ ၂ ချက်ပစ်ခတ်လိုက်လို့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပေါင်းတည် PDF အနေနဲ့ ပြည်သူလူထုကို ဒုက္ခအမျိုးမျိုးပေးနေတဲ့ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ သတင်းပေးဒလန်တွေနဲ့ စစ်ကောင်စီရဲ့ လက်ပါးစေတွေကို နည်းမျိုးစုံနဲ့တိုက်ခိုက် ချေမှုန်းသွားမယ်လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့ညကလည်း ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီရဲ့ အဓိက စီးပွားရေဒေါက်တိုင်တစ်ခုဖြစ်တဲ့ မိုင်တဲလ်တာဝါတိုင်တစ်တိုင်ကို ပေါင်းတည် PDF က မိုင်းခွဲ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024