ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရပ်စ်က ယူကရိန်းအရှေ့ခြမ်းကို ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ အကြောင်းပြပြီး ရုရှားတပ်တွေ စေလွှတ်တာဟာ ငြိမ်းချမ်းရေးထိန်းသိမ်းတာမဟုတ်ဘဲ ကျူးကျော်သူတွေသာဖြစ်တယ်လို့ ပြောပါတယ်။
“သက်ဆိုင်ရာနိုင်ငံရဲ့ သဘောဆန္ဒမပါဘဲ နိုင်ငံတနိုင်ငံက သူတို့တပ်တွေကို စေလွှတ်တာဟာ ငြိမ်းချမ်းရေးထိန်းသိမ်းတာမဟုတ်ဘူး၊ သူတို့ဟာ ငြိမ်းချမ်းရေးတပ်သားတွေ မဟုတ်ဘူး၊ ကျူးကျော်သူတွေသာဖြစ်တယ်။”
ကုလသမဂ္ဂအနေနဲ့ ယူကရိန်းရဲ့ အချုပ်အခြာ၊ နယ်မြေနဲ့ နိုင်ငံရေးလွတ်လပ်မှုတို့ကို အပြည့်အဝ ထောက်ခံကြောင်း၊ တင်းမာမှုတွေ လျော့ချဖို့ အားလုံးကို တိုက်တွန်းပြီး ကြေညာချက်တွေ ထုတ်ပြန်သွားမယ်လို့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ပြောခဲ့ပါတယ်။