Home
မြန်မာသတင်း
ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေအိမ် ချိပ်ပိတ်ခံရ
DVB
·
February 22, 2022
274154283_480892000425531_2342576332504600743_n
U Lwin Myint Oo

မကွေးတိုင်း ရေစကြိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်မြင့်ဦး(ခ)ကိုကုလား ရဲ့နေအိမ်နဲ့ မိဘဖြစ်သူ နေအိမ်တွေကို စစ်ကောင်စီတွေက လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေစကြိုမြို့နယ် ပခန်းကြီးကျေးရွာမှာ ရှိတဲ့အိမ်တွေကို အခုလို ချိပ်ပိတ်သွားတာဖြစ်ပြီး နေအိမ်မှာ သက်ဆိုင်သူတွေမရှိဘူးလို့လည်း သိရပါတယ်။ 

အဲဒီလို ချိပ်ပိတ်တဲ့လုပ်ငန်းစဉ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် ပျူစောထီးအဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ 

အဆိုပါဒေသမှာ စစ်ကောင်စီက အခုလို နေအိမ်ချိပ်ပိတ်နေတာ ၂ အိမ်ရှိပြီလို့လည်း ဒေသခံတွေက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024