စစ်ကိုင်းမှာ ကျဆုံးသွားခဲ့တဲ့ အလင်းတန်းကိုယ်ပိုင်ကျောင်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ကျောင်းသားခေါင်းဆောင် တဦးရဲ့ ရုပ်အလောင်း ပြန်မရသေးဘူးလို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။
အလင်းတန်းကိုယ်ပိုင်ကျောင်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ စွမ်းထက်အောင်ဟာ စစ်အာဏာရှင်ကို လက်နက်ကိုင် ဆန့်ကျင်တော်လှန်ရင်း ဖေဖော်ဝါရီ ၂၀ ရက်က စစ်ကိုင်းမြို့တနေရာမှာ စစ်ကောင်စီတပ်ရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့တာဖြစ်ပါတယ်။
စွမ်းထက်အောင်ဟာ အသက် ၁၇ နှစ် သာရှိသေးပြီး အလင်းတန်းကိုယ်ပိုင်ကျောင်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှာ သတင်းနှင့်ပြန်ကြားရေးတာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။