Home
မြန်မာသတင်း
နွေဦးတက္ကသိုလ်က ၁ လအတွင်း တော်လှန်ရေးအတွက် ကျပ် ၈၇ သိန်းကျော် လှူဒါန်းနိုင်
DVB
·
February 22, 2022
274520089_254873490139680_407237644577042072_n

နွေဦးတက္ကသိုလ်က ပြီးခဲ့တဲ့ ဇန်နဝါရီလက ဖွင့်လှစ်ထားတဲ့ တန်းခွဲတွေကနေ လှူဒါန်းငွေ  ၁ လအတွင်း ကျပ် ၈၇ သိန်းကျော် လက်ခံရရှိခဲ့တယ်လို့ Spring University Myanmar (SUM) က  အသိပေးကြေညာထားပါတယ်။

အခုလိုရရှိခဲ့တဲ့ လှူဒါန်းငွေတွေထဲက CDM သူရဲကောင်းတွေကို ၂၅ သိန်းကျော် အပါအဝင် စစ်ဘေးရှောင်ပြည်သူတွေကို ကျပ် ၉ သိန်း၊ ကိုဗစ်-၁၉ ရောဂါဝေဒနာ ခံစားနေရသူတွေအတွက် ၂ သိန်းခွဲ၊ နွေဦးတက္ကသိုလ်နဲ့ ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂတို့ ပူးပေါင်းပြီး “လိင်ပိုင်းဆိုင်ရာ ပညာပေးနှင့်မျိုးဆက်ပွားကျန်းမာရေး” ရန်ပုံငွေလှူဒါန်းငွေ ၁၃ သိန်း ကျော်အပြင် နွေဦးတက္ကသိုလ်ရဲ့ Community Development အစီအစဉ်မှတဆင့် STEM TOT Batch 3 က ဆရာ၊ ဆရာမအယောက် ၁၀၀ အတွက် သိပ္ပံ Hub နဲ့ ပူးပေါင်းကာ ပညာဒါန TOT Training အတွက် သိန်း ၃၀ နဲ့ ပညာသင်ဆု ၇ သိန်းခွဲစီ အသီးသီးချီးမြှင့်လှူဒါန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နွေဦးတက္ကသိုလ်ရဲ့ တော်လှန်ရေးခရီးစဉ် ရည်ရွယ်ချက်အတိုင်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ ပညာမသင်ယူလိုတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပညာရေးရပ်တန့်မသွားဖို့၊ CDM သူရဲကောင်းတွေကို ပိုမိုလှူဒါန်းနိုင်ဖို့အတွက် အကောင်အထည်ဖော် လုပ်ဆောင်နေတာဖြစ်ပါတယ်။

နွေဦးတက္ကသိုလ်မှာ ကျောင်းသူ၊ ကျောင်းသားတွေအတွက် အဆင်မြင့်ပညာရပ်တွေ ဆက်လက်သင်ယူနိုင်ဖို့ ကျောင်းခွဲ ၉ ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၂ တော်လှန်နှစ်သစ်မှာလည်း နွေဦးတက္ကသိုလ်အနေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ပေးအပ်ထားတဲ့ ကတိစကားအတိုင်း ပညာရေးဆက်လက်ရှင်သန်နိုင်ဖို့၊ CDM သူရဲကောင်းတွေကို ချီးမြှင့်လှူဒါန်းသွားနိုင်ဖို့ ပိုမိုကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024