အဆိုတော်ချမ်းချမ်းရဲ့ ရန်ကုန်တိုင်း သန်လျင်မြို့နယ်က နေအိမ်နဲ့ အစီအစဉ်တင်ဆက်သူ မောင်မောင်အေး ရဲ့ တာမွေမြို့နယ်က တိုက်ခန်းကို စစ်ကောင်စီတပ်တွေက ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ချိပ်ပိတ်လိုက်တယ်လို့ သိရပါတယ်။
ပိုင်ရှင်ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံထားရတာကြောင့် ချိပ်ပိတ်ခံရတဲ့ အဆောက်အအုံကို လွှဲပြောင်းရောင်းချတာ မလုပ်ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသန္တရ အုပ်ချုပ်ရေးဘက်က လာရောက် ချိပ်ပိတ်ခဲ့တာလို့ ဆိုပါတယ်။
အဆိုတော် ချမ်းချမ်းကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးမှာပါဝင်တာ၊ CDM ကို လှုံ့ဆော်တာကြောင့်လို့ဆိုကာ ပြီးခဲ့တဲ့နှစ် ဧပြီလကတည်းက စစ်ကောင်စီက ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဝရမ်းထုတ်ခဲ့သလို ကိုမောင်မောင်အေးကိုလည်း အာဏာသိမ်းပြီစကတည်းက ဖမ်းဝရမ်းထုတ်ခဲ့တာပါ။
အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေဟာ အနုပညာရှင်တွေ၊ NLD အမတ်တွေ၊ ပါတီဝင်တွေ နဲ့ ပြည်သူတွေရဲ့ နေအိမ်အဆောက်အအုံတွေကို ဆက်တိုက်ဆိုသလို ချိပ်ပိတ်နေတာ ဖြစ်ပါတယ်။