Home
မြန်မာသတင်း
ပြည်ကြီးတံခွန်မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
DVB
·
February 20, 2022
274068405_1575356182850196_6033337081386638097_n

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်၊ ၆၇ - D လမ်း၊ ၁၁၉ လမ်း နဲ့ ၁၂၀ လမ်းကြားမှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှုးတစ်ဦး ဖေဖော်ဝါရီ ၂၀ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်လောက်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

ပစ်သတ်ခံရသူဟာ (ဂ) ရပ်ကွက်၊ ရာအိမ်မှူး ဦးထွန်းဝေဆိုသူဖြစ်ပြီး နေအိမ်ရှေ့ထိုင်နေချိန်မှာ အမည်မသိ လူနှစ်ဦးက သေနတ်နဲ့ ပစ်သတ်သွားတာလို့ ရပ်ကွက်နေသူတချို့ က ပြောပါတယ်။

“ပစ်ခံရတုန်းက မသေသေးဘူး။ ဆေးရုံရောက်မှ သေသွားတာ။ ပစ်ခံရပြီးတော့ အရပ်ဝတ်နဲ့ သေနတ်ကိုင်တချို့တော့ ရောက်လာကြတယ်” လို့ ရပ်ကွက်နေပြည်သူတဦးက ပြောပါတယ်။

သေနတ်နဲ့ ပစ်ခံရတာကြောင့် ဦးထွန်းဝေမှာ ဗိုက်ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့တာကြောင့် မန္တလေးဆေးရုံကြီးကို တင်ပို့ကုသစဉ် သေဆုံးသွားတာလို့ ဆိုပါတယ်။

ဦးထွန်းဝေကို ဘာကြောင့် သေနတ်နဲ့ ပစ်သတ်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024