Home
မြန်မာသတင်း
ဖားကန့်တွင် နွံကန်ပေါက်ပြီး မြေစာပုံပြိုကျ၊ ၂ ဦး သေဆုံး
DVB
·
February 18, 2022
274264515_3168069216854151_7396880305511683366_n

ကချင်ပြည်နယ် ဖားကန့်မြို့နယ်  မနမှော်မှာ ဖေဖော်ဝါရီ ၁၈ ရက်မနက်ပိုင်းက နွံကန်ပေါက်ပြီး မြေစာပုံပြိုကျရာမှ ရေမဆေးကျောက်ရှာဖွေသူ နှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မနမှော်မှာရှိတဲ့  ကျောက်စိမ်း ကုမ္ပဏီ လုပ်ကွက်ဟောင်းအတွင်းက  နွံကန်ပေါက်ကျပြီး မြေစာပုံပြိုကျခဲ့တဲ့အတွက် ရေမဆေးကျောက်ရှာဖွေသူ နှစ်ဦးမျှောပါ သေဆုံး၊ သုံးဦး ဒဏ်ရာရခဲ့တာလို့ ဒေသခံ ကယ်ဆယ်ရေးအဖွဲ့တွေ ပြောပါတယ္။

“မနက် ၇ နာရီလောက်မှာ နွံကန်ပေါက်ပြီး မြေစာပုံပြိုကျသွားတယ်။ ရေမဆေးကျောက်ရှာနေတဲ့သူတွေရှိနေတုန်း နွံကန်ပြိုပြီး  ရေတိုက်စားသွားတဲ့အတွက် ရေမဆေးသမားတွေ ရေထဲမျောပါသေဆုံးကုန်တယ်။  ခုလောလောဆယ်တော့ ရုပ်အလောင်း နှစ်လောင်းနဲ့ ဒဏ်ရာရသူ သုံးဦးကို ဆေးရုံပို့ထားတယ်" လို့ ဒေသခံ ကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ မြေစာပုံပြိုကျတာတွေ နွံကန်ပေါက်တာတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး  ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့ကလည်း မှော်စီစာက လုပ်ကွက်ဟောင်းတစ်ခု မြေစာပုံပြိုကျခဲ့တာကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၁၀၀ ကျော် မြေစာပုံပိပြီး သေဆုံးခဲ့ပါသေးတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024