Home
မြန်မာသတင်း
စစ်ကောင်စီ တိုက်လေယာဉ် ၁ စီး ပျက်ကျ
DVB
·
February 16, 2022
274000638_1616246582070324_4475307048676193582_n
273805996_686968562305496_2889236049789275697_n
272911513_1141242056645785_1493949147383767741_n
272833885_375187877749807_4602305485931913010_n
272713355_1101941507206451_804759920492923556_n

စစ်ကောင်စီ လေတပ်က တိုက်ခိုက်ရေး လေယာဉ် ၁ စီး စစ်ကိုင်းတိုင်းဒေသကြီး အုန်းတောကျေးရွာအနားမှာ    ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့မနက်က ပျက်ကျသွားခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးလက်အောက်ခံ MRTV က သတင်းထုတ်ပြန်ပါတယ်။ 

တပ်မတော်(လေ) တံတားဦး လေတပ်စခန်းမှ ပုံမှန်လေ့ကျင့်ပျံသန်းနေတဲ့ တိုက်ခိုက်ရေး လေယာဉ် ၁ စီးဟာ  ဒီနေ့မနက် ၁၀ နာရီ ၄၃ မိနစ်လောက်က လေ့ကျင့်ရေး ဧရိယာအတွင်း လေ့ကျင့်ပျံသန်းစဉ် ဆက်သွယ်မှုပြတ်တောက်သွားတာလို့ ဆိုပါတယ်။

အဆိုပါ တိုက်လေယာဉ်ကို တခြားလေယာဉ် တစီးနဲ့ လိုက်လံရှာဖွေရာမှာ  စစ်ကိုင်းတိုင်းဒေသကြီး အုန်းတောကျေးရွာ အရှေ့ဘက် ရေမျက်ကြီးအင်းအတွင်း စက်ချို့ယွင်းကာ ပျက်ကျသွားတဲ့တာလို့ MRTV သတင်းမှာ ဖော်ပြပါတယ်။

လေယာဉ်ပေါ်မှာ ပါသွားတဲ့ လေယာဉ်မောင်းနှင်သူ လေသူရဲကတော့ အသက်ရှင်လား သေလား မသိရသေးဘဲ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လေယာဉ်ဟာ အင်းအလယ်မှာ ပျက်ကျတာဖြစ်ပြီး လူသေအလောင်းတစ်လောင်းဆယ်ယူရရှိထားတယ်လို့ သတင်းထွက်နေပေမဲ့ လေသူရဲဟုတ် မဟုတ်  အတည်ပြုချက်တော့ မရသေးပါဘူး။

မကြာသေးခင်ကာလတွေမှာ  စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကရင်ပြည်နယ်ဘက်ကမှာ စစ်ကောင်စီ လေတပ်က ပြည်သူလူထုတွေနဲ့ ကျေးရွာတွေကို အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှုတွေ  ဆက်တိုက်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024