Home
မြန်မာသတင်း
စဉ့်ကူးမြို့နယ်၊ စစ်ဆေးရေးဂိတ်တွင် ပစ်ခတ်မှုဖြစ်၊ ဒုရဲအုပ် ၁ ဦးနှင့် စစ်ကောင်စီတပ်သား ၁ ဦးသေ
DVB
·
February 14, 2022
272984798_1571248626594285_3543158243989565639_n

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်စု၊ ပင်လယ်ကြီးကျေးရွာအနီး၊ မန္တလေး - မိုးကုတ် ကားလမ်းမကြီးဘေးရှိ စုပေါင်းစစ်စစ်ရေးဂိတ်မှာ ဖေဖော်ဝါရီ ၁၄  ရက် မနက် ၄ နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပြီး ဒုရဲအုပ် တယောက်နဲ့  စစ်ကောင်စီတပ်သားတယောက် သေဆုံးခဲ့ပါတယ်။

ပစ်ခတ်မှုကြောင့် လက်ပန်လှနယ်​မြေရဲစခန်း က ဒုရဲအုပ်မိုးဝင်းဟာ ကျည်ဆန်နားထင်ဖောက်ဝင်ပြီး ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးခဲ့တဲ့အပြင် စစ်ကောင်စီတပ်သား စိုးမော်ဦးဟာလည်း နားထင် လက်နက်ကြီးမိုင်းစထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ဖြစ်တာက တိုက်ပွဲဖြစ်တဲ့ ပုံစံပဲ အပြန်အလှန်ပစ်သံတွေကြားရတယ်။ ဗုံးပေါက်ကွဲသံတွေလည်း ကြားရတယ်။ သေဆုံးတာတွေရော ဒဏ်ရာရတာတွေပါရှိတယ်လို့တော့ ကြားမိတယ်။” လို့ လက်ပန်လှကျေးရွာနေ ပြည်သူတစ်ဦးက ပြောပါတယ်။

ဒီလို အပြန်အလှန်ပစ်ခတ်မှုကြောင့် မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ စစ်ကားကြီး ၂  စီး နဲ့ ရောက်လာပြီး ကင်းလှည့်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024