Home
မြန်မာသတင်း
ယင်းမာပင်တွင် စစ်​ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၁၀ ဦးထက်မနည်း ​သေဆုံး
DVB
·
February 11, 2022
273822922_2932917056930851_1256169730470728507_n

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်မှာ ​ဖေ​ဖော်ဝါရီ ၁၁ ရက်မနက်ပိုင်းက စစ်​ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

လုံခြုံ​ရေးရဲတပ်ဖွဲ့ခွဲ အမှတ် (၂၈) ဟာ ​အောင်မိုး​ကျေးရွာကြားမှာ မနက် ၉ နာရီဝန်းကျင်​လောက်က မိုင်းဆွဲတိုက်ခိုက်ခံရတာလို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှု​ကြောင့် စစ်​ကောင်စီတပ်သား ၁၀ ဦးထက်မနည်း ​သေဆုံးခဲ့သလို  ဒဏ်ရာရရှိတဲ့သူ​တွေလည်းရှိတယ်လို့ သိရ​ကြောင်း၊ ​တိုက်ခိုက်ခံရအပြီး စစ်​ကောင်စီ တပ်သားအချို့ဟာ ​သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့သလို ​အောင်မိုး​​ကျေးရွာက ​နေအိမ်တွေကိုလည်း မီးရှို့ခဲ့ကြတယ်လို့ ဆိုပါတယ်။

နေအိမ်ဘယ်နှလုံး မီးရှို့ခံရတယ်ဆိုတာ အတိအကျမသိရ​သေးဘဲ ​အနီးအနား ​ကျေးရွာ​နေပြည်သူတွေ ​ကြောက်လန့် ထွက်​ပြေး​နေကြရတယ်လို့ သိရပါတယ်။

အခုလို မိုင်းဆွဲတိုက်ခိုက်တာကို အမိ​မြေ ​တော်လှန်​ရေးတပ်ဖွဲ့က လုပ်​ဆောင်ခဲ့တာလို့ ထုတ်ပြန်​ကြေညာထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024