Home
မြန်မာသတင်း
စစ်ကောင်စီတပ် ထိုးစစ်ကြောင့် ကနီမြို့နယ် ဒေသခံ ထောင်နှင့်ချီ စစ်ဘေးရှောင်နေရ
DVB
·
February 11, 2022
273835184_619603812449147_4344393776543319950_n

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်တွေ ဖေဖော်ဝါရီ ၉ ရက်နေ့ကတည်းက ထိုးစစ်ဆင်နေတာကြောင့် ဒေသခံရွာသားထောင်ချီ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကနီမြို့နယ်၊ ဝင်မနားကျေးရွာမှာ တပ်စွဲထားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့‌ ရွာပစ်ပြေးနေရာတာ။ မပြေးလို့လည်း မရဘူးဗျ။ သူတို့က တွေတဲ့သူ အကုန်ဖမ်းစစ်ဆေးတယ်၊ နှိပ်စက်တယ်၊ သူတို့ စိတ်မထင်ရင် သတ်ပစ်တာတွေလည်း လုပ်ကြတာဆိုတော့ ပြေးရတာပေါ့ဗျာ။ ပြေးနေရတဲ့ရွာတွေကတော့ အင်းပေါင်းအုပ်စုက ၂၄ ရွာရယ်၊ မိုးကောင်းအုပ်စုက ကျေးရွာ‌တွေက ပထမ‌ ဖေဖော်ဝါရီ ၉ ရက်နေ့က အရင်ထွက်ပြေးရတယ်။ မနေ့‌ ဖေဖော်ဝါရီ ၁၀ ကတော့ ကနဲ့အုပ်စုတို့ ဆူလေကုန်းအုပ်စုတို့ ထွက်ပြေးရတယ်။ ဒီ နေ့ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာလည်း မိုးကောင်းရွာနဲ့ ပလ္လင်ကျေးရွာ ထပ်ပြီးပြေးနေရတယ်” ရွာသားတစ်ဦးကပြောပါတယ်။

တပ်ထဲက အရာရှိနှစ်ဦး ထွက်ပြေးတာကြောင့် စစ်ကောင်စီက ကျေးရွာတိုင်းကို ထိုးစစ်ဆင်ရှာဖွေနေတာဖြစ်ပြီး သူတို့ဝင်တဲ့ ရွာတိုင်းကို သေနတ်တွေပစ်ဖောက်ကာ နေအိမ်အတွင်းက တန်ဖိုးရှိ ရွှေငွေနဲ့ စားသောက်စရာတွေ ယူဆောင်တာ၊ အိမ်မွေး တိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေ လုပ်နေကြတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024