Home
မြန်မာသတင်း
ရန်ကုန်တွင် စစ်ကောင်စီက လှည့်ကင်းများဖြင့် ကင်းလှည့်နေပြီး စစ်ဆေးရေးတင်းကြပ်နေ
DVB
·
February 10, 2022
273008036_457327349510085_3185307894873664816_n

ရန်ကုန်တိုင်းဒေသကြီးက မြို့နယ်အချို့မှာ ဖေဖော်ဝါရီ ၁၀ ရက် မနက် ၁၀ နာရီလောက်က စပြီး လုံခြုံရေး လှည့်ကင်းကားတွေနဲ့ ကင်းလှည့်နေပြီး နေရာအတော်များများမှာ စစ်ဆေး ရေးတွေ ရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သာကေတမြို့နယ် ဝါဆိုထိပ်မှာ ဒီနေ့ မနက် ၁၀ နာရီလောက်က Taxi ကားတွေကို စစ်ဆေးနေပြီး ကုလားဝဲတံတားမှာ အိမ်စီးကားတွေ စစ်ဆေးသလို သာကေတ ဧရာဝဏ် City Mark မြေနီမှတ်တိုင်မှာ ဆိုင်ကယ်ဖမ်းနေတာလို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ မြောက်ဥက္ကလာ ခေမာသီလမ်းမကြီးပေါ် စည်ပင်ရုံးရှေ့ကားမှတ်တိုင်အနီးမှာ ကားတွေကို အိမ်စီးကားပါမကျန်စစ်ဆေးနေသလို လက်ကိုင်ဖုန်းတွေအထိ အသေးစိတ် စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဗိုလ်တစ်ထောင်မြို့နယ် ဗန္ဓုလ တံတားမှာလည်း စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေ ရှိနေပြီး မသင်္ကာစရာတွေ့ရှိက ခေါ်ယူ စစ်ဆေးမှုပြုလုပ်နေသလို ညနေ ၃ နာရီလောက်ကလည်း ရွှေပြည်သာတံတားအဆင်း ရွှေပြည်သာဘက်မှာ လုံခြုံရေးအဖွဲ့က ဆိုင်ကယ်တွေကို ဖမ်းဆီးနေ​တယ်လို့  ရွှေပြည်သာဒေသခံတွေက ပြောပါတယ်။

ရန်ကုန်မှာ ဖေဖော်ဝါရီ ၉ ရက်နေ့က မြို့နယ်အချို့မှာ ပစ်ခတ်မှု၊ ဖောက်ခွဲမှုတွေ ရှိခဲ့တာကြောင့် စစ်ကောင်စီဘက်က လုံခြုံရေးတိုးမြှင့်ထားပြီး အစစ်အဆေး တင်းကြပ်နေတာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024