ရန်ကုန်တိုင်းဒေသကြီး သာကေတ မြို့နယ် အမှတ် ၂ ရဲစခန်းမှာ လူအစုလိုက် ကိုဗစ်ပိုး တွေ့ရှိတာကြောင့် ဖေဖော်ဝါရီ ၇ ရက်ကစပြီး စခန်းတွင်းလော့ဒေါင်းချထားတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။
မြို့မရဲစခန်းမှာ ဝန်ထမ်း မိသားစုတွေ ကိုဗစ်ပိုးတွေ့တာ၊ ဘယ်နှယောက်ကူးစက်တယ်တော့ အတိအကျ မသိရသေးဘူး။ စခန်းတွင်း အဝင်အထွက်ကန့်သတ်လိုက်ပြီး ၇ ရက်နေ့ကတည်းက စခန်းဝန်းကို လော့ဒေါင်း ချထားတာလို့ စခန်းနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
စခန်းထဲ ကူးစက်တဲ့ ကိုဗစ်က ဒဲလ်တာမဟုတ်ဘဲ အိုမီခရွန် ကူးစက်တာဖြစ်လို့ ကူးစက်နှုန်းမြန်တာဖြစ်ပြီး ပိုးကူးစက်ခံရတာကြောင့် ဖျားနာတာပဲရှိကာ အခုထိ အရေးပေါ် လူနာ မရှိသေးဘူးလို့ ဆိုပါတယ်။