စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် စနဗျင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဖေဖော်ဝါရီ ၉ ရက်နေ့မနက် ၃ နာရီဝန်းကျင်မှာ မင်းကင်း PDF တပ်ဖွဲ့က ဝင်ရောက်တိုက်ခဲ့တယ်လို့ သိရပါတယ်။
“ဒီနေ့မနက် ၃ နာရီလောက်က ပြောက်ကျားဝင်တိုက်ခဲ့တယ်။ စစ်ကောင်စီဘက် ၃ ယောက်သေတယ်၊ နောက်ပြီး သေနတ် ၂ လက်လည်း သိမ်းဆည်းရမိခဲ့တယ်။ ကျနော်တို့အဖွဲ့က အထိခိုက်မရှိ ဆုက်ခွာနိုင်ခဲ့တယ်” လို့ မင်းကင်း PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒါ့အပြင် ချင်းတွင်းမြစ်အတွင်း ဆန်တက်လာတဲ့ စစ်ကောင်စီရေယဉ်ကို ဒေသခံ ပကဖတွေနဲ့ မဟူရှင်မရဲ့သားတော်များတပ်ဖွဲ့တို့ ပူးပေါင်းကာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို မိုင်းဆွဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် စကစတပ်သား ၉ ယောက်သေဆုံးပြီး အများပြားဒဏ်ရာရရှိသွားခဲ့တယ်လို့ မင်းကင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မင်းကင်းမြို့နယ် စနဗျင်းရွာ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။