Home
မြန်မာသတင်း
ဆိပ်ခွန်ရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ပြီး ပစ်ခတ်သဖြင့် ၃ ဦးသေဆုံး၊ ၁၀ ဦးခန့် အဖမ်းခံရ
DVB
·
February 9, 2022
Seik-Khun-village
Seik Khun village fired by SAC 1

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာကို စစ်ကောင်စီတပ်တွေက ဖေဖော်ဝါရီ မနက်ပိုင်းကတည်းက ဝင်ရောက်စီးနင်းခဲ့ပြီး ည ၁ဝ နာရီလောက် ရွာမြောက်ပိုင်းမှာ စတင် မီးရှို့ခဲ့တယ်လို့ ရွာသားတဦးက ပြောပါတယ်။ 

ဒါ့အပြင် ရွှေဘိုမြို့အနောက်ဘက်က ဆိပ်ခွန်တစ်ရွာလုံးအနှံ့ လမ်းတိုင်းမှာ စစ်ကောင်စီတပ်က ကင်းချထားပြီး ရွာထဲ ဘယ်သူ့ကိုမှ အဝင်မခံဘဲ မြင်သမျှကိုလည်း ရမ်းသမ်း ပစ်ခတ်နေတာလို့ ပြောပါတယ်။

စစ်သားတွေဟာ သေနတ်တွေနဲ့ ပစ်ခတ်တာကြောင့် လူ ၃ ဦး သေပြီး ၁၀ ယောက်လောက် အဖမ်းခံထားရတယ်လို့ ပြောပါတယ်။ 

မီးလောင်ဆုံးရှုံးတဲ့ နေအိမ်တွေများမှာဖြစ်ပြီး အတိကျ မသိရသေးဘူးလို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ ဆိပ်ခွန်၊ နံ့သာ၊ ဆိပ်သာ၊ ဗိုလ်တည်းကုန်း ကျေးရွာတွေ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024