Home
မြန်မာသတင်း
ကျောက်ထုဒေသတွင် စစ်ကောင်စီနှင့် PDF တပ်တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွား
DVB
·
February 7, 2022
273489291_2761276347507142_7797251513120026898_n

မကွေးတိုင်း ကျောက်ထုဒေသမှာ ဖေဖော်ဝါရီ ၆ ရက် နေ့လယ်ပိုင်းကနေ ညနေပိုင်းအထိ စစ်ကောင်စီတပ်တွေနဲ့ ကျောက်ထု PDF တို့ တိုက်ပွဲ နှစ်နေရာဖြစ်ပွားပြီးခဲ့တယ်လို့ သိရပါတယ်။

ကျောထုမြို့ ပခုက္ကူ-ကျောက်ထုလမ်းပိုင်းမှာ မနေ့က နေ့လယ် ၁ နာရီလောက်က ပခုက္ကူကနေထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်း ၂၄ စီးကို ကျောက်ထု PDF က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ကျောက်ထု PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကိုပြောပါတယ်။

ဒါ့အပြင် ကျောက်ထုအမြောက်တပ်ထဲကနေ ပခုက္ကေမြို့ဘက်ကို သွားတဲ့ စစ်ကောင်စီ ယာဥ်တန်းကိုလည်း ကျောက်ထု PDF က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၆၀ မမ ထိမှန်ပြီးတော့ စစ်ကောင်စီကားတစ်စီး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီကားတွေက အမိုးကာအုပ်ပြီး လာကြတာဆိုတော့ ထိခိုက်သေဆုံးတဲ့အခြေနေကို အတိကျမသိရဘူးဗျ။ သူတို့ဘက်ကလည်း ရမ်းသမ်းပြီးတော့ ပြန်ပစ်တာကြောင့် ညနေပိုင်းအထိ တိုက်ပွဲ ပြင်းထန်ခဲ့တယ်။ စစ်ကောင်စီတပ်တွေဟာ လမ်းတစ်လျှောက်က ကျေးရွာတွေကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ နေအိမ်တစ်ချို့ ထိခိုက်ပျက်စီးခဲ့တယ်။ ကျေးရွာတစ်ရွာမှာလည်း လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး မပေါက်ကွဲသေးလို့ ပြည်သူတွေအန္တရာယ်ကင်းအောင် ကျ‌နော်တို့ တပ်ဖွဲ့က သွားရောက်ရှင်းလင်းပေးခဲ့တယ်” ” လို့ PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကျောက်ထုဒေသမှာ ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေကို ကျောက်ထု PDF က မိုင်း ၈ လုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024