မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရှိ စစ်ကောင်စီရဲ့ စီပွားရေးဒေါက်တိုင်ဖြစ်တဲ့ မိုင်တဲလ် တာဝါတိုင်တစ်တိုင်ကို ဖေဖော်ဝါရီ ၅ ရက်နေ့မနက်ပိုင်းက ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ နတ်မောက် PDF တပ်ဖွဲ့က ပြောပါတယ်။
နတ်မောက်မြို့နယ် ပေပင်ကုန်းရွာနားက မိုင်တဲလ်တာဝါတိုင်ကို ဖေဖော်ဝါရီ ၅ ရက်နေ့ မနက် ၁ နာရီကျော်လောက်မှာ ဖောက်ခွဲမီးရှို့ ဖျက်ဆီးခဲ့တယ်လို့ နတ်မောက် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်စည်းက ဒီဗွီဘီကိုပြောပါတယ်။
မိုင်တဲလ်ဆက်သွယ်ရေးလုပ်ငန်းဟာ စစ်ကောင်စီကို အဓိက ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနေတဲ့လုပ်ငန်းဖြစ်သလို ပြည်သူလူထုဆီကနေ မတရားကုပ်သွေးစုပ် အမြတ်ထုတ်ပြီး အင်တာနက် Data စျေးနှုန်းတွေ အဆမတန် ကောက်ခံနေတာကြောင့် ဖောက်ခွဲ ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
နတ်မောက် PDF တပ်ဖွဲ့အနေနဲ့ စစ်အုပ်စုရဲ့ မိုင်တဲလ် တာဝါတိုင်တွေကို ဖောက်ခွဲဖျက်ဆီးနေသလို မိဘပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ မိုင်တဲလ် ဆင်းမ်ကတ်တွေကို လုံးဝ အသုံးမပြုကြဖို့နဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်မှန်သမျှကို သပိတ်မှောက်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
နတ်မောက် PDF ဟာ စစ်ကောင်စီနဲ့ သူတို့ရဲ့ အဓိကစီပွားရေးထောက်တိုင်တွေ၊ စစ်အုပ်စုနဲ့ ဆက်နွှယ်တဲ့သူတွေနဲ့ ပျူစောထီး ဒလန်တွေကို သုတ်သင်ရှင်းလင်းနေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ ဆက်စပ်တဲ့နေရာတွေကို ရှောင်ရှားကြဖို့ သတိပေးထားပါတယ်။