စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ဒေသခံ PDF တပ်ဖွဲ့ နှစ်ဖွဲ့ဟာ အခက်အခဲများကြားကနေ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Hero Tiger Force PDF အဖွဲ့ရဲ့ အခြေခံ စစ်ပညာသင်တန်းအပတ်စဥ် ၁/၂၂ ကို ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ကိုယ်ထူကိုယ်ထ ဗိုလ်စက္ကဦးဆောင်တဲ့ ဒေါင်းမင်း PDFအဖွဲ့ရဲ့ အပတ်စဥ် (၃) သင်တန်းဆင်းပွဲကိုတော့ ဖေဖော်ဝါရီ ၄ ရက်က အခက်အခဲတွေကြားကနေ အောင်မြင်စွာ ပြုလုပ်ခဲ့ကြတယ်လို့ အဖွဲ့ခေါင်းဆောင်တွေက ပြောပါတယ်။
Hero Tiger Force PDF အဖွဲ့မှာ အမျိုးသမီး ရဲဘော် ၅၀ နဲ့ အမျိုးသားရဲဘော် ၁၅၀ တို့ ပါဝင်ခဲ့ပြီး ကိုယ်ထူကိုယ်ထ ဗိုလ်စက္ကဦးဆောင်သော ဒေါင်းမင်း PDFအဖွဲ့မှာ အမျိုးသားရဲဘော် ၆၅ ဦး တက်ရောက်သင်ကြားခဲ့တယ်လို့ PDF အဖွဲ့ခေါင်းဆောင်တွေက ပြောပါတယ်။
PDF အဖွဲ့တွေဟာ အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်သွားမှာဖြစ်ပြီး ပြည်သူတွေရဲ့ရှေ့မှာ မားမားမတ်မတ် ရပ်တည်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
သင်တန်းဆင်း ရဲဘော်တွေကို မိဘပြည်သူတွေကလည်း သင်တန်းဆင်းပွဲအထိမ်းအမှတ်အဖြစ် အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။