ကချင်ပြည်နယ်၊ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက် (၂)၊ အထက ဒုတ္တန် အနောက်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့လယ် ၂ နာရီ ဝန်းကျင်လောက် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၂ လုံး ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။
ပေါက်ကွဲတဲ့ အသံတွေကြားရလို့ အိမ်ပြင်ထွက်ကြည့်မှ မီးလောင်နေမှန်းသိရပြီး နှစ်ထပ်ပျဉ်ထောင်အိမ် စလောင်ပြီးတဲ့နောက် ဘေးအိမ် ထရံကာအိမ်လေးကိုလည်း ကူးသွားတာလို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
ပူတာမြို့ မီးသတ်သမားတွေက မီးငြှိမ်းသတ်ခဲ့ကြပေမဲ့ နှစ်အိမ်လုံး ပြာကျသွားတယ်လို့ ဆိုပါတယ်။
မီးလောင်မှု ဘာကြောင့်ဖြစ်ရတယ်ဆိုတာတော့ မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းနေဆဲဖြစ်ပါတယ်။
ပူတာအိုမြိုနယ် ဆွမ်ပီယန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီစခန်းကို KIA နဲ့ Putao PDF ပူးပေါင်းတပ်တို့ ဖေဖော်ဝါရီ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီ ဝန်းကျင်လောက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။