Home
မြန်မာသတင်း
မြစ်ကြီးနားမြို့ အမှတ် ၃၀ ရဲတပ်ရင်းအနီး ဗုံးပေါက်၊ စစ်တပ်က ပစ်ခတ်မှုကြောင့် ကလေးတစ်ဦး သေဆုံး
DVB
·
February 1, 2022
273052073_2990759197921012_1349147307316305327_n
Myit Kyi Na shooted by SAC die a child 1

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် အမှတ် ၃၀ ရဲတပ်ရင်းအနီးမှာ ဖေဖော်ဝါရီ ၁ ရက်မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားအပြီး စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် ကလေးငယ် (ယောကျာ်းလေး) တစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လယ်ကုန်းရပ်ကွက် အမှတ် ၃၀ ရဲတပ်ရင်းအနီး ဗုံးပေါက်အပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် နေအိမ်အတွင်းက အသက် ၇ နှစ်အရွယ် မောင်ဘုန်းခန့်ထည်ဆိုသူ ကလေးငယ်ကို ကျည်ထိမှန်ခဲ့တာတာလို့ ဒေသခံတွေက ပြောပါတယ်။

“မနက် ၆ နာရီလောက် ရဲတပ်ရင်း အနားမှာ ဗုံးပေါက်တယ်။ ဗုံးပေါက်ပြီး  ရဲတွေက ပြန်ပစ်တာ။ သေဆုံးတဲ့ကလေးအိမ်က ရဲတပ်ရင်းဘေးနားမှာ ကျည်က နံရံကိုဖောက်ပြီး ကလေးဗိုက်ကို လာမှန်တာ သေသွားပြီ” လို့ မိသားစုနဲ့ နီးစပ်သူ ဒေသခံတစ်ဦးကပြောပါတယ်။ 

သေနတ်ထိမှန်လို့ သေဆုံးသွားတဲ့ ၇ နှစ်အရွယ် ကလေးငယ်အလောင်းကို ဒီနေ့ညနေပိုင်း ရာဒါကောင်း အစ္စလမ် သုသာန်မှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့က မြစ်ကြီးနားမြို့တွင်း လုံခြုံရေး တင်းကျပ်စွာချထားပြီး တပ်မတော် ထောက်ခံပွဲလည်း ပြုလုပ်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024