Home
မြန်မာသတင်း
ဖောင်းပြင်မြို့တွင် စစ်ကောင်စီတပ်က ပြည်သူ ၁၃ ဦးကို ဖမ်းဆီး
DVB
·
January 29, 2022
272828739_3022042878110615_8236290961301018564_n

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့မှာ ဇန်နဝါရီ ၂၉ ရက် ဒီနေ့ မနက်ပိုင်းက  လွှတ်တော်ကိုယ်စားလှယ်ရဲ့  မိသားစုဝင်တွေအပါအဝင် ဒေသခံ ပြည်သူ ၁၃ ယောက်ကို  စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။

ဖမ်းဆီးခံရသူနဲ့ နီးစပ်တဲ့ဖောင်းပြင်မြို့ခံတစ်ဦးက "ဒီမနက် ၈ နာရီမှာ ပြည်သူ ၁၃ ယောက်ကို စစ်ကောင်စီတပ်က နေအိမ်တွေဝင်ရောက်ဖမ်းဆီးသွားတာ။ အခုက စစ်ကောင်စီဖမ်းတဲ့အထဲမှာ လုပ်ငန်းရှင်တွေလည်းပါတယ်။ သူတို့ဘာမှ လုပ်တာတွေမရှိဘဲ ဖမ်းခံရတယ်။ ငွေတောင်းချင်လို့ ဖမ်းသွားတယ်ထင်တယ်။ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ရဲ့ သားနဲ့ သမီးတွေကိုလည်း ဖမ်းဆီးသွားတယ်” လို့ ပြောပါတယ်။ 

ဖမ်းဆီးခံရသူတွေကတော့ ကိုနေလင်းအောင်၊ ကိုကျော်သူ၊ ကိုမြင့်ဇော်၊ ကိုရဲဇော်ရှင်း၊ ကိုခလီ၊ ကိုဝကြီး၊ ကိုကျော်ဆန်း၊ မဖြူသီလတ်၊ မဟန်နီဝင်း၊ ကိုအောင်အောင်လေးနဲ့ ဒေါ်ပိုနဲ့   လွှတ်တော် ကိုယ်စားလှယ် နှစ်ယောက်ရဲ့ ဇနီး ၂ ယောက်လည်း ဖမ်းဆီးခံရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သူတို့ကို စစ်ကောင်စီက ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာနဲ့ လက်ရှိ ဘယ်မှာ ဖမ်းဆီးထိန်းသိမ်း ထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ဖောင်းပြင်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့က ရဲစခန်း ၂ ခုကို  ဖောင်းပြင်PDFက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024