Home
မြန်မာသတင်း
ခင်ဦးမြို့နယ် ရွှေယမင်းရွာကို စစ်တပ်က မီးရှို့ပြီး အမျိုးသား ၄ ဦးကို ပစ်သတ်
DVB
·
January 26, 2022
Shwe Yamin village fire By SAC
272796423_610705336672328_9132253000256828292_n
272664780_610705373338991_8409295024313767345_n
272558976_610705613338967_1660565293915754934_n
272786489_610705746672287_8024270889569194194_n

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွှေယမင်းကျေးရွာကို  စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၆ ရက်နေ့ မနက် ၆ နာရီက မီးရှို့ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရွာကို မီးရှို့ခဲ့ရုံသာမက ကျေးရွာအတွင်းက ရွာသားတွေကို သေနတ်နဲ့ ပစ်ခတ်တာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

“ရွာကို ရုတ်တရက်ကြီးဝင်လာတာဆိုတော့ ကစဉ့်ကလျားပြေးကြရတယ်။ သေနတ်တွေနဲ့လည်း ပစ်ခတ်တယ်ဗျ။ အဲလိုပစ်ခတ်ခဲ့လို့ အမျိုးသားလေးဦး ကျည်ထိမှန်ခဲ့တယ်။ နှစ်ဦးကို မီးရှို့သတ်ထားခဲ့တယ်။ ကျန်နှစ်ဦးကိုတော့ သေနတ်နဲ့ ပစ်သတ်သွားတယ်။ ရွာသားအချို့လည်း ဖမ်းဆီးခံရတာတွေလည်း ရှိနေတယ်။ ဘာလို့ ကျနော်တို့ရွာကို စစ်ကောင်စီဝင်ရတာလဲဆိုတော့ ဒီကောင်တွေ ရိက္ခာမရှိတော့ဘူးဆိုရင် အခုလို ကျေးရွာတွေကိုဝင်ပြီး လုနေကြပဲဗျ” လို့ ဒေသခံကျေးရွာ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အခုလို စစ်ကောင်စီက ကျေးရွာအတွင်း‌ ဝင်ရောက်‌ခဲ့တာကြောင့် ဒေသခံရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး စစ်ကောင်စီရဲ့ မီးရှို့ခံရတဲ့ နေအိမ် ၄ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အလားတူ ခင်ဦးမြို့နယ် သရက်ကန်၊ ပေါက်တော၊ ပေကုန်း စတဲ့ ကျေးရွာတွေကိုလည်း ဇန်နဝါရီ ၂၅ ရက်နေ့မနက်ခင်းက စစ်ကောင်စီအင်အား ၈၀ လောက်နဲ့ ဝင်ရောက်စီးနင်းခံခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၇ ယောက်ထက်မနည်း သေဆုံးခဲ့ကာ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီလဆန်းပိုင်းကစပြီး ကျေးရွာတွေကို မကြာခဏ မီးရှို့တာတွေ လုပ်ဆောင်နေပါတယ်။ 

ပြီးခဲတဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း ပုလဲမြို့နယ် ဦးနှေက်ကျေးရွာ၊ ဇန်နဝါရီ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေ ကနီမြို့နယ် နတ်ကြီးကျေးရွာနဲ့ မုဌေါကျေးရွာတွေကို မီးရှို့ခဲ့တာကြောင့် နေအိမ် ၄၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024