စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူပိုင်ပစ္စည်းတွေကို ယူဆောင်၊ ဖျက်ဆီးသွားသလို အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်ပြီး ဇန်နဝါရီ ၂၂ ရက် မနက် ၆ နာရီလောက်က ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ကျေးရွာတွင်းနဲ့ ရွာဝင်ရွာထွက် လမ်းပေါက်နေရာတွေမှာလည်း ပြည်သူတွေရဲ့ ပစ္စည်းတွေကို ယူဆောင်ကာ အကာအကွယ်ပြုလုပ် နေထိုင်သွားခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဆုတ်ခွာစဥ်လမ်းတလျှောက်မှာ ဒေသခံ PDF အဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဘန့်ဘွေးရွာမကျေးရွာကို အကြိမ်ရေများစွာ ဝင်ရောက်တပ်စွဲခဲ့တာရှိခဲ့ပြီး ဇန်နဝါရီ ၁၃ ရက်နေ့က ထပ်မံဝင်ရောက်တပ်စွဲနေခဲ့တာဖြစ်ပါတယ်။ တပ်စွဲနေထိုင်စဥ်မှာ ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေရဲ့ ပစ်ခတ်တိုက်ခိုက်တာလည်း ခံခဲ့ရပါတယ်။