Home
မြန်မာသတင်း
မြိုင်နှင့်ပေါက်မြို့နယ်အစပ်က ရေနံတွင်းများကို စစ်ကောင်စီတပ် ထပ်မံမီးရှို့
DVB
·
January 20, 2022
272301613_135882602231498_4875724945842871968_n
272281455_135882615564830_2609138260909828624_n
272212433_135882532231505_3442659431161917566_n
272169560_135882508898174_1193404219495131117_n
272138046_135882308898194_2513326606036561517_n
272133848_135882555564836_4644438819809358972_n

မကွေးတိုင်း မြိုင်နဲ့ပေါက်မြို့နယ်အစပ်က ရေနံမှော်တွေမှာ ဇန်နဝါရီ ၂၀ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်တွေဝင်ရောက်ပြီး ရေနံကျင်းတွေနဲ့ ဆီလှောင်ကန်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ရေနံလုပ်ငန်းလုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။

မြိုင်နဲ့ ပေါက်မြို့နယ်အစပ် သပြေညိုရေနံမှော်က ရေနံကျင်းတွေ၊ ဆီလှောင်ကန်တွေနဲ့ တဲတွေကို စစ်ကောင်စီတပ်တွေက ၃ ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးသလို ဒီကနေ့ မနက် ၁၁ နာရီလောက်ကလည်း လက်ပံတိုရေနံမှော်က ရေနံကျင်းတွေကို မီးရှို့ ဖျက်ဆီးခဲ့ကြတယ်လို့ ရေနံလက်ယက်တွင်းတိမ်လုပ်ငန်း လုပ်ကိုင်သူတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၁၈၊ ၁၉၊ ၂၀ ရက်တွေမှာ ပြည်သူတွေ ချွေးနည်းစာနဲ့ စုပေါင်း တူးဖောက်ထားတဲ့ ရေနံကျင်းတွေကို မီးရှို့ဖျက်ဆီးပြီး တဲတွေ၊ ဆီလှောင်ကန်တွေကိုပါ မီးရှို့ဖျက်ဆီးသွားကြတာလို့ ဆိုပါတယ်။

ရေနံတွင်းပိုင်ရှင်တွေဆီကလည်း ရေနံကျင်းတစ်ကျင်းကို ၅၀၀၀၀ ကျပ်နှုန်း အတင်းအဓမ္မ တောင်းယူနေပြီး လက်တစ်လျှောက်မှာ လူမတွေ့တဲ့ ကျင်းတွေကို မီးရှို့ဖျက်ဆီးသွားကြတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလိုတာကြောင့် ဖမ်းဆီးနှိပ်စက်ခံရမှာကို ကြောက်ပြီး ရေနံလုပ်ငန်းလုပ်ကိုင်သူတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ၅ ကြောင်းခွဲကာ ထိုးစစ်ဆင်နေပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေပြုလုပ်သလို ကျေးရွာတွေက နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ်အတွင်းက ကျေးရွာ ၁၀ ရွာလောက်က ဒေသခံပြည်သူ ၂၀၀၀၀ ကျော်လောက်ဟာ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်နေလို့ ဖမ်းဆီးနှိပ်စက်မှာကို ကြောက်လန့်ပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်ရှောင်နေကြရသလို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အကူညီ လိုအပ်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024