Home
သတင်းဓာတ်ပုံ
ကချင်ပြည်နယ် မြစ်ကြီးနားတွင် မိုးသီးအများအပြား ကြွေကျ (ဓာတ်ပုံ)
DVB
·
January 13, 2022
271879309_4650170431697905_542277903326826054_n
271861258_4650170345031247_3559769255615197656_n
271819326_4650170338364581_5638531949644837180_n
271808062_4650170485031233_5244699822589209494_n
271604422_4650169548364660_3341155760471924210_n
271191663_4650169498364665_4454170175501004945_n

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်နန်းတိုက်နယ်တကြောမှာ ဇန်နဝါရီ ၁၃ ရက်နေ့ မနက်ပိုင်းက အချိန်အခါမဟုတ် မိုးသီးအများအပြား ကြွေကျခဲ့တယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက DVB ကို ပြောပါတယ်။

"မိုးသီးကြွေကျတာက နောင်နန်းတိုက်နယ်‌တကြောမှာရှိတဲ့ ရပ်ကွက်တော်တော်များများမှာ ကြွေကျခဲ့တာပါ။ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်မှာနေတဲ့ သူတွေက သိတောင်မသိလိုက်ဘူး။ နောင်နန်းတိုက်နယ်တကြောမှာပဲ ကွက်ပြီးကျသွားတဲ့ပုံပါပဲ။ တချို့သွပ်မိုးထားတဲ့အိမ်တွေဆို ခေါင်မိုးအပေါက် ပေါက်သွားလို့ ဒုက္ခရောက်နေကြပြီလေ။" 

ပူတာအိုခရိုင် ပူတာအိုမြို့နယ်နဲ့ နောင်မွန်မြို့နယ်တွေမှာလည်း မိုးသည်းနေတဲ့အတွက် ရေခဲတောင်‌တန်းတွေမှာ ရေခဲ‌ထူထပ်နေပြီဖြစ်ပါတယ်။ 

ရေခဲမိုးရွာတဲ့အချိန် တောင်တက်ပါက အန္တာရာယ်များနိုင်တဲ့အတွက် တောင်တက်လိုတဲ့ ခရီးသွားတွေ ခရီးစဉ်ရွှေ့ဆိုင်းသင့်တယ်လို့ ပူတာအိုမြို့ ခံတစ်ဦးက အကြုံပြုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024