မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ကမ်းနားလမ်းရှိ ညောင်ကွဲရပ်ကွက် အုပ်ချုပ်ရေးမှူးရုံအနီးမှာ ဇန်နဝါရီ ၁၃ ရက် မနက် ၇ နာရီလောက်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့လို့ အသက် ၆၀ ကျော် အမျိုးသားတယောက်နဲ့ အသက် ၄၀ကျော် အမျိုးသားတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် လုံခြုံရေးတာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သားက ရမ်းသန်း ပစ်ခတ်ခဲ့လို့ အနီးနားက အသက် ၁၅ နှစ်အရွယ် မိန်းကလေးတယောက် နေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရတယ်။
ညောင်ကွဲရပ်နေသူ တစ်ဦးက“အုပ်ချုပ်ရေးမှူးရုံးနားမှာကွဲတာ။ ဗုံးကွဲတော့ လုံခြုံရေးက သေနတ်နဲ့ ပစ်တာ မိန်းကလေးတစ်ဦးသေတယ်။ နောက်ပြီး ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်ကြားတယ်။” လို့ ပြောပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲမှုဟာ ဘယ်အဖွဲ့ရဲ့ လက်ချက်လဲဆိုတာ မသိရသေးသလို ဒဏ်ရာရသူတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီလည်း မသိရသေးပါဘူး။