စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဦးနှောက်ကျေးရွာကို ဇန်နဝါရီ ၁၀ ရက် ဒီနေ့ မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်က လေယာဉ် ၃ စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အခုလိုပစ်ခတ်တာဟာ ပုလဲဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်မှ ဗိုလ်နဂါးရှိလိမ့်မယ်အထင်နဲ့ ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
“အဲရွာဆိုတော့ ကျနော်မရှိဘူးဗျ။ ကျနော်က ဆာလင်းကြီးမြို့နယ်အတွင်း ခရီးသွာရင်းရောက်နေတယ်။ အကုန်းလုံး လုံခြုံပါတယ်” လို့ ပုလဲဗိုလ်နဂါးက ပြောပါတယ်။
အခုလိုစစ်ကောင်စီက ပစ်ခတ်လို့ ဒေသခံရွာသားတွေ လက်ရှိအချိန်အထိ ဘေးလွတ်ရာကို ထွက်ပေးနေရပြီ အထိခိုက်အကျဆုံးဒဏ်ရာရှိသူတွေရှိနိုင်ပြီး အတိကျမသိရသေးဘူးလို့ ဒေသခံရွာသားတွေက ပြောပါတယ်။