မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်း မြဝတီမင်းကြီးလမ်းနဲ့ ၁၁၅ လမ်းကြားရှိ ပြည်ကြီးတံခွန် မြို့မရဲစခန်းမှာ ဇန်နဝါရီ ၁၀ ရက်၊ မနက် ၅ နာရီခွဲလောက်က မီးလောင်မှုဖြစ်ခဲ့ပါတယ်။
ရဲစခန်း မြေညီထပ်ရှိ နယ်ထိန်းခေါင်းဆောင်ရုံးခန်းမှာ Computer System ပုံး ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းတာဖြစ်တယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့်ရုံးခန်းအတွင်းရှိ ကွန်ပျူတာတစ်လုံး၊ ပြတင်းပေါက်မှန်တွေ၊ စာရွက်စာတမ်းတွေနဲ့ စခန်းမှူးရုံးခန်းပြတင်းပေါက်တွေ မီးလောင်ခဲ့ကာ ဆုံးရှုံးမှု တန်ဖိုး ကျပ် ၄ သိန်းဖိုးလောက်ရှိတယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
မီးလောင်မှုနဲ့ပတ်သတ်လို့ နယ်ထိန်းမှတ်တမ်းတာဝန်ကျတဲ့ ရဲတပ်သားကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။