ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်မှာ မနေ့က ဗုံးပေါက်ကွဲအပြီး စစ်တပ်က ထိုးကြိတ်ဖမ်းဆီးသွားတဲ့ လူငယ်ဟာ ၁ ဦးဟာ ဗုံးခွဲမှုဖြစ်စဉ်နဲ့ ပတ်သက် ဆက်နွှယ်ခြင်းမရှိတဲ့ အရပ်သား ပြည်သူ ၁ ဦးသာဖြစ်တယ်လို့ မင်္ဂလာဒုံအမျိုးသားအစည်းအရုံး MNUက ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၇ ရက် နေ့လယ်ပိုင်းက ကျိုက္ကလော့ဘုရားအနီး ဗုံးပေါက်ကွဲခဲ့ပြီး နယ်ထိန်းတယောက်နဲ့ အရပ်သားတယောက် သေဆုံးခဲ့တာပါ။ အဲဒီဗုံးပေါက်ကွဲမှုအပြီးမှာ စစ်ကောင်စီတပ်က YBS ဘတ်စ်ကားပေါ်က လူငယ်တယောက်ကို ထိုးကြိတ်ဖမ်းဆီးသွားတာပါ။
ဒီဗုံးဖောက်ခွဲမှုကို မင်္ဂလာဒုံဒေသခံ တော်လှန်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ MUGအဖွဲ့က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟန်ဆန်ရဲ့ မြန်မာပြည်ခရီးစဥ်ကို မကြိုဆိုကြောင်းပြသတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
မဂ်လာဒုံမြို့နယ်မှာ စစ်ကောင်စီလက်ပါးစေတွေကို ပစ်မှတ်ထားပြီး အကြီးစားဖောက်ခွဲမှုတွေကို နေရာမရွေး၊အချိန်မရွေး ခပ်စိတ်စိတ်လုပ်သွားမှာဖြစ်လို့ ပြည်သူတွေသတိထား ရှောင်ကွင်းနေဖို့လည်း MNUက သတိပေးထားပါတယ်။