စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ နန်းစီပွန်ဒေသမှာ ဇန်နဝါရီ ၈ ရက်က ဗုံးပေါက်ကွဲဖြစ်ပွားပြီး လူ ၁ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ဒီမနက် ၂ နာရီလောက်က ဗုံးပေါက်တယ်။ ပြည့်ဖြိုးမွန်စတိုးမှာ ဗုံးပေါက်ကွဲတယ်။ အဲဒီဆိုင်က တစ်ယောက်တော့ ထိခိုက်သွားတယ်။ မစိုးရိမ်ရဘူး” လို့ နန်းစီပွန်ဒေသခံတစ်ဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲနောက် မကြာခင်မှာပဲ စစ်ကောင်စီတပ်ဖွဲ့တွေရောက်လာပြီး လူငယ် တယောက်ကို PDF နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဖမ်းဆီးသွားပါတယ်။
နန်းစီးပွန်ဗုံးပေါက်ကွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ ၂၂ ရက်ကလည်း ခန္တီးမြို့နယ်၊ နန်းစီပွန်ရဲစခန်းကို KIAက ဝင်ရောက်စီးနင်းခဲ့ပါတယ်။