မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်ရပ်ကွက်၊ ၉ လမ်း၊ လမ်း ၇၀ နဲ့ ၇၃ လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဝင်ပေါက်ဂိတ် ရဲကင်းကို ဇန်နဝါရီ ၈ ရက် ဒီမနက် ၈ နာရီလောက်က လက်ပစ်ဗုံးနဲ့ ပစ်ခံခဲ့ရပါတယ်။
လွှတ်တော်အဝင်ပေါက် ရဲကင်းအမိုးပေါ်ကို လက်ပစ်ဗုံးကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပြီး အဆောက်အအုံ အနည်းငယ် ထိခိုက်ပျက်စီးသွားကာ လူထိခိုက်ဒဏ်ရာရတာတော့မရှိဘူးလို့ သိရပါတယ်။
တချိန်တည်းမှာပဲ အောင်မြေသာစံမြို့နယ် ၁၉ လမ်း၊ ၈၆ လမ်းနဲ့ ၈၇ လမ်းကြားရှိ အောင်မြေသာစံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးနဲ့ ပစ်ခံခဲ့ရပြီး ပြတင်းပေါက် မှန်တွေ ပျက်စီးသွားခဲ့ပါတယ်။