Home
မြန်မာသတင်း
နတ်ချောင်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပြည်သူနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်
DVB
·
January 7, 2022
507673-507622-269955116_110861348125456_436408268096249230_n-730x365-1-730x365

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာမှာ ရန်ကင်းဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်က ဇန်နဝါရီ ၆ ရက်နေ့ နေ့လယ် ၂ နာရီခွဲလောက်မှာ ပြည်သူနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခြေအနေ တည်ငြိမ်ပြီလို့ ထင်မှတ်ပြီး ကျေးရွာအတွင်းကို  ပြန်လည်နေထိုင်ဖို့ ဝင်ရောက်လာတဲ့ ဒေသခံတွေထဲက နတ်ချောင်းကျေးရွာ၊ ရန်အောင်မြင်ရပ်ကွက်က အမျိုးသားနှစ်ဦးကို စစ်ကောင်စီက အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတဦးက “အခြေအနေ တည်ငြိမ်လောက်ပြီထင်လို့ ပြန်လာတာပါ။ စစ်ဘေးရှောင်နေတဲ့နေရာကလည်း ဒုက္ခတွေ များလွန်းလို့ ငြိမ်လောက်ပြီထင်တာ အသက်မသေရုံပဲ ပြေးခဲ့ရတယ်။ တစ်ယောက်က အူအခွေလိုက်ထွက်ကျပြီးသေနေတယ်။ တစ်ယောက်ကတော့ နှိပ်စက်ထားပြီး ကြိုးဆွဲချ သတ်ထားတာကိုတွေ့တယ်။” 

တချို့ရပ်ကွက်တွေမှာ လမ်းကြား လမ်းသွယ်တွေထဲအထိ စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်တာကြောင့် သေဆုံးတာတွေလည်း ရှိတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ကျေးရွာဒေသခံတွေဟာ စစ်ဘေးရှောင်နေရတာဟာ နှစ်ပတ်ကျော်ကြာမြင့်လာတဲ့အတွက် ကျေးရွာအတွင်းပြန်လည်နေထိုင်ဖို့ ဝင်ရောက်လာရာမှာ အခုလို သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

နတ်ချောင်းကျေးရွာဘက်ကနေ ချင်းပြည်နယ်နယ်စပ်၊ ဝေဘူလမြို့ဘက်ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ PDF Kalay၊  RKDF၊ ပကဖ(ကလေး)၊ CNDFနဲ့ ZOMI PDF ပူးပေါင်းအဖွဲ့တို့ ဇန်နဝါရီ ၆ ရက်နေ့ မနက်ပိုင်းကစတင်ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024