စစ်ကောင်စီ ရှေ့တန်းစခန်းတခုမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီ တပ်သား ၃ ယောက်ဟာ လက်နက်နဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါစစ်သည်တွေဟာ စစ်ကောင်စီကို ဆန့်ကျင်လိုကြောင်း “ပြည်သူ့ပန်းတိုင်” အဖွဲ့ဆီ ဆက်သွယ်တိုင်ပင်ခဲ့တာကြောင့် ကေအန်ယူအဖွဲ့နဲ့ ချိတ်ဆက်ပြီး စိစစ်ဆောင် ရွက်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့ပန်းတိုင်အဖွဲ့ကိုတော့ အရင်ကပြည်သူ့စစ်သား - People’s Soldiers အဖွဲ့မှာ ပါဝင်ခဲ့တဲ့ ပြည်သူတွေရဲ့ ဦးဆောင်မှုနဲ့ ပြည်သူ့အခြေပြုအဖွဲ့အစည်းအနေနဲ့ ပြောင်းလဲဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်တစ်စုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင့်သို့ အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တိုက်တွန်းနှိုးဆော်ထားပါတယ်။
စစ်အာဏာသိမ်းကာလ ၁၁ လကျော်အတွင်း CDM လှုပ်ရှားမှုမှာပါဝင်လာသူတွေနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သားတွေလည်း ထောင်နဲ့ချီ ရှိလာနေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ် မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)တို့ လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေကို လက်ကမ်းကြိုဆိုနေတာကို တွေ့ရပါတယ်။