ထိုင်ဝမ်ကျွန်းမြောက်ပိုင်းမှာ အင်အား ရစ်ချ်တာစကေး ၆ အထိရှိတဲ့ အင်အားပြင်း ငလျင်တရပ် ဇန်နဝါရီ ၃ ရက် ညနေပိုင်းမှာ လှုပ်ခတ်ခဲ့လို့ တချို့နေရာတွေမှာ ရေပြတ်တောက်ခဲ့ပါတယ်။
ငလျင်လှုပ်နေချိန်မှာ နယူးထိုင်ပေဒေသအတွင်း ဒေသခံ ရုပ်သံဌာနသတင်းခန်းမှာ ရုပ်မြင်သံကြားစက်တွေ မီးတိုင်တွေ လှုပ်ခါသွားပါတယ်။
ငလျင်ဟာ ဟွားလျန်မြို့ အရှေ့ပိုင်း ကီလိုမီတာ ၅၀ အကွာ မြေအောက်အနက် ၁၉ ဒသမ ၄ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့တာလို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။
ငလျင်ဟာ ထိုင်ဝမ်ရဲ့ မြန်နှုန်းမြင့်ရထားလုပ်ငန်းကို မထိခိုက်ခဲ့ပါဘူး။ ထိုင်ဝမ်မြို့တော် ထိုင်ပေနဲ့ ယိလန်မြို့တွေမှာ ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရပြီး ထိုင်ဝမ်ရဲ့ ပြင်းအားသတ်မှတ်ချက် ၇ ဆင့်မှာ အဆင့် ၄ ထိ ရောက်ခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။
ထိုင်ဝမ်ကျွန်းရဲ့ တောင်ပိုင်းမှာတော့ ငလျင်က အားပျော့ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။