Home
မြန်မာသတင်း
ကျောက်ပန်းတောင်းမြို့နယ် လျှပ်စစ်ရုံး ဗုံးပေါက်
DVB
·
December 31, 2021
270229178_1246772999150041_5010162536368198868_n

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့၊ မြို့နယ်လျှပ်စစ်ရုံး (EPC) မှာ ဒီဇင်ဘာ ၃၀ ရက်မနက် ၉ နာရီဝန်းကျင်က ဗုံး ၁ လုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ကျောက်ပန်းတောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KDF) တာဝန်ခံက “စစ်ကောင်စီအတွက် လျှပ်စစ်မီတာခ ကောက်ခံပေးနေသူတွေနဲ့ မီတာခပေးဆောင်နေသူတွေကို နောက်ဆုံးအကြိမ် သတိပေးလိုက်တာပါ။ ရုံးဆောက်အအုံတော့ အနည်းငယ်ပျက်စီးသွားတယ်တော့ သိရတယ်” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လျှပ်စစ်ရုံးမှာ လုံခြုံရေးယူထားကာ မနက် ၁၀ နာရီဝန်းကျင်မှာတော့ မီတာပေးဆောင်တဲ့ပြည်သူတွေ ကြိတ်ကြိတ်တိုးစည်ကားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

''အရမ်းကြီးထိခိုက်ပျက်စီးမှုတော့ မရှိပါဘူး။ အခုတော့ စစ်သားတွေက လုံခြုံရေးယူပေးထားတယ်။ အခုရက်ပိုင်းရုံးကို နေ့စဉ်မီတာခလာဆောင်တဲ့ ငွေပမာဏဟာ သိန်း ၅၀၀ ဝန်းကျင်လောက်ပဲ ရှိပါတယ်'' လို့ အမည်မဖော်လိုတဲ့ လျှပ်စစ်ဝန်ထမ်းတဦးက ပြောပါတယ်။

ကျောက်ပန်တောင်းမြို့နယ်က ကျေးရွာအချို့ကိုလည်း မီတာခမပေးဆောင်တဲ့အတွက် ရွာလုံးကျွတ်မီးဖြတ်ခံထားရတဲ့ ကျေးရွာတွေရှိနေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024