Home
မြန်မာသတင်း
သံတောင်မြို့နယ်တွင် စစ်ကောင်စီတပ်သား ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ
DVB
·
December 25, 2021
269714346_1001220774071529_8407227458811809370_n

ကရင်ပြည်နယ်၊ သံတောင်မြို့ ၁၃ မိုင်မှာ စစ်ကောင်စီရဲ့ တပ်သား ၂ ယောက်ကို အမည်မသိသေနတ်သမားတွေက ဒီဇင်ဘာ ၂၄ ရက် မနက် ၉ နာရီလောက်က ပစ်ခတ်ခဲ့တဲ့အတွက်  ၁ ယောက်သေဆုံးကာ   ၁ ယောက် ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သံတောင်မြို့  ၁၃ မိုင်အဝင် တပ်စခန်းမှာ လုံခြုံရေးရယူနေတဲ့ စစ်ကောင်စီရဲ့တပ်သား ၂ ယောက်ဟာ ဆေးရုံအောက်လမ်းမပေါ်  ဆိုင်ကယ်မောင်းပြီး အရပ်ဝတ်နဲ့ဈေးဝယ်ထွက်အလာ အမည်မသိသေနတ်သမားတွေက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားရာအနီး မျက်မြင်တွေ့ရှိသူတယောက်က “စစ်ကောင်စီတပ်သား နှစ်ယောက် ဆိုင်ကယ်စီးလာတုန်း သေနတ်နဲ့ ကပ်ပစ်သွားတာ။  တယောက်ကတော့ နေရာမှာတင်ပွဲချင်းပြီး သေတယ်။ ဒဏ်ရာရတဲ့ တယောက်ကတော့ သူတပ်စခန်းက ကားနဲ့လာယူသွားတယ်”လို့ ပြောပါတယ်။

သေနတ်ပစ်ခတ်ခံရတာကြောင့် ဆိုင်ကယ်မောင်းသူ စစ်ကောင်စီတပ်သားဟာ ရရှိတဲ့ဒဏ်ရာနဲ့ နေရာမှာတင်သေဆုံးပြီး နောက်ကလိုက်ပါလာသူဟာ ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့အတွက် တောင်ငူ စစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ 

အဆိုပါပစ်ခတ်မှုအတွင်း အမည်မသိသေနတ်သမားတွေက  စစ်ကောင်စီရဲ့တပ်သား ၂ ယောက်ထံကနေ လက်နက်တလက် ရရှိသွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024